ငလျင်ဘေးသင့် လိုအပ်နေသူများအတွက်
April 1, 2025
၂၈.၃.၂၀၂၅ ရက်၊ သောကြာနေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင် သဘာဝဘေးဒဏ် ခံစားရသည့် မြန်မာပြည်သူပြည်သားများနှင့် အခြားနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအပေါ် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ် အနေဖြင့် ရှေ့ဦးစွာ ဘုရားသခင်ထံမှငြိမ်သက်ခြင်း၊ မစခြင်း၊ ကူမခြင်း၊ နှစ်သိမ့်ခြင်း ဆုကျေးဇူးများ ခံစားရပါ စေကြောင်း နှင့် ပြန်လည်ထူထောင်ခြင်းများ အမြန်ဆုံး ရရှိပါစေရန် ဆုတောင်း မေတ္တာပို့သပါသည်။ နှစ်ခြင်းအသင်းချုပ် အဖွဲ့၀င် လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ၊ တိုက်ရိုက်ဆက်သွယ်သောအသင်းတော် (၂)ပါးတို့ နှင့်အတူ အမြန်ဆုံး အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး၊ ဆက်လက်၍လည်း ဘေးဒဏ်ခံစားရသူများအတွက် တတ်နိုင်သမျှ ကူညီနိုင်ရန် စီစဥ် ဆောင်ရွက်လျက် ရှိပါသည်။ သို့ ၁။ အထွေထွေအတွင်းရေးမှူး၊ လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ။ ၂။ အတွင်းရေးမှူး၊ နယ်အသင်းတော်များအဖွဲ့များ။ ၃။ သင်းအုပ်ဆရာ၊ နှစ်ခြင်းအသင်းတော်များ။ စာအမှတ် ။ ။ ဝ၃၅/ငလျင်ဘေး/အရေးပေါ်တုံ့ပြန်/အမ်ဘီစီ/၂ဝ၂၅။ နေ့စွဲ ။ ။ ၂ဝ၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်။ အကြောင်းအရာ။ ။ ငလျင်ဘေးသင့် လိုအပ်နေသူများအတွက် ဆုတောင်းပေးကြပါရန်နှင့် ကူညီပံ့ပိုး ပေးကြပါရန်မေတ္တာရပ်ခံခြင်းကိစ္စ။ လေးစားအပ်ပါသောသခင်ယေရှုခရစ်တော်၌ လုပ်ဖော်ဆောင်ဖက်များခင်ဗျား- အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ဖြစ်ခဲ့သော ငလျင် ဘေးကြောင့် လူ/ဒေအဖွဲ့ချုပ်များ၊ နယ်အဖွဲ့များ၊ အသင်းတော်များသာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ငလျင်ဘေးသင့်ဒုက္ခများနှင့် တွေ့ကြုံနေရပါသောကြောင့် အရေးပေါ်အကူအညီ အထောက်အပံ့များ လိုအပ်လျှက် ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသော နှစ်ခြင်းခရစ်ယာန် အသင်းသူ/အသင်းသားများအတွက်သာမက မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးအတွက် ဆုတောင်းပေးခြင်းအားဖြင့် လည်းကောင်း၊ အလှူငွေအားဖြင့်လည်းကောင်း၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါးများ စသည့် ပစ္စည်းများ ကူညီပံ့ပိုးပေးခြင်းအားဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးကြပါရန်မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ငလျင်ဘေးသင့်ခံစားနေရသော လူ/ဒေအဖွဲ့ချုပ်များသို့ တိုက်ရိုက် သော်လည်းကောင်း၊ နှစ်ခြင်းအသင်းချုပ်သို့သော်လည်းကောင်း ပေးပို့နိုင်ပါသည်။ နှစ်ခြင်းအသင်းချုပ်သို့ပေးပို့ရာတွင် ဆက်သွယ်ရန်- ဆရာမနန်းသူဇာမွန် ဖုန်းနံပါတ်/Kpay - ဝ၉၄၂၅၃၉ဝ၅၃၄ မှတ်ပုံတင် ၁၃/ကတန (နိုင်) ဝဝ၅၁၄၄ ကိုယ်ကျိုးစွန့်အစေခံခြင်းအမှူတော်မြတ်၌ - သိက္ခာတော်ရဒေါက်တာထန်ကျင့်လျန်း အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်