(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး

June 11, 2025
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး
မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ (၁၈၉)ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀-၁၂)ရက် များတွင် Zoom Application ဖြင့် ပြုလုပ်ခဲ့ပါသည်။ ပထမနေ့ အစီအစဥ်ကို နံနက် (၉း၀၀)နာရီတွင် ဝတ်ပြုကိုးကွယ်ခြင်းဖြင့် စတင်ခဲ့ရာ၊ ဒေသနာဟောကြားခြင်း နှင့် ကောင်းချီး ပေးခြင်းကို ဒုဥက္ကဌ သိက္ခာတော်ရ ‌ဒေါက်တာအေးနွယ်၊ သဘာပတိနှင့် အထူးဆုတောင်းခြင်းကို ဆရာမမေနှင်းဆီတို့က ဦးဆောင်ခဲ့ပါသည်။ အစည်းအဝေးကို သဘာပတိအဖြစ် ဥက္ကဌကြီး သိက္ခာတော်ရ ဒေါက်တာ စောဆမ်ဆန်ကဦးဆောင်ခဲ့ပြီး၊ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ‌ဒေါက်တာ ရောဘတ်ပွန်းက တက်ရောက်လာသော အမှုဆောင်အဖွဲ့ ၀င်များ အမည်စာရင်းကို ဖတ်ကြားပြီးနောက် စိစစ်လက်ခံခဲ့ပါသည်။ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ် (၁၈)ပါးမှ ဥက္ကဌများ၊ အထွေထွေ အတွင်းရေးမှူးများ နှင့် ကိုယ်စားလှယ်တော်များ၊ ကိုယ်စားပြု အဖွဲ့များ စုံညီစွာဖြင့် ၇၈% တက်‌ရောက် ပါဝင် ခဲ့ကြပါသည်။ နှစ်ခြင်းအသင်းချုပ် ဥက္ကဌ (၃)ဦး၊ ဦးဆောင်သူ(၃)ဦး၊ ဌာန သဘာပတိ နှင့် တာ၀န်ခံများလည်း မပျက်မကွက် အားလုံး ပါ၀င်တက်ရောက်ကြပါသည်။ မှတ်တမ်းရေးမှူးများအဖြစ် အသင်းချုပ် ခရစ်ယာန် လူမှု၀န်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန တာ၀န်ခံ သိက္ခာတော်ရ ဒေါက်တာ မန်ခန့်ဆုမ်း နှင့် ခရစ်ယာန် ဓမ္မပညာဌာန တာ၀န်ခံ သိက္ခာတော်ရဆရာ စောဟယ်ရီစင်တို့ကို ရုံးပိုင်းမှ တင်ပြရာ၊ အားလုံး သဘောတူ ရွေးချယ်ခဲ့ကြပါသည်။ ဆက်လက်၍ ဥက္ကဌကြီးမှ အမှာစကား ပြောကြားခဲ့ပါသည်။ နောက်ဆက်တွဲ အစီအစဥ်များကို မေးမြန်းရာ၊ မရှိကြောင်း ဖော်ပြခဲ့ပါသည်။  ဆက်လက်၍ လွန်ခဲ့သော (၁၈၈)ကြိမ်‌မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေး မှတ်တမ်းကို ဖတ်ကြားရာ အမှား ပြင်ဆင်ချက်များဖြင့် သဘောတူ လက်ခံခဲ့ကြပါသည်။ မှတ်တမ်းမှ ပေါ်ပေါက်လာသော ကိစ္စများကို တင်ပြခဲ့ကြပြီးနောက်၊ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး သိက္ခာ‌တော်ရ ဒေါက်တာ ထန်ကျင့်လျန်းက အစီရင်ခံစာကို ဖတ်ကြား တင်ပြခဲ့ရာ၊ မေးမြန်း ဆွေးနွေးကြပြီးနောက် သဘောတူလက်ခံခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာရေးအစီရင်ခံစာကို အသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်ကလည်းကောင်း၊ ဌာနများ၏ အစီရင်ခံစာများကို ဌာန(၁၂)ခုမှ တာ၀န်ခံများက လည်းကောင်း အသီးသီး အစီရင်ခံ တင်သွင်းခဲ့ကြရာ၊ သိလိုသည်များကို မေးမြန်းဆွေးနွေးကြလျက် လက်ခံ သဘောတူခဲ့ကြပါသည်။ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်မှ ဒုတိယ ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဒေါက်တာ အမ်လာရစ်ကလည်းကောင်း၊ ယုဒသန်တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဆရာမနော်လားဖေကလည်းကောင်း ဆက်လက်၍ အစီရင်ခံများကို တင်သွင်းခဲ့ကြပါသည်။ ဌာန တာ၀န်ခံများနှင့် တွဲဖက်၊ လက်ထောက်တာ၀န်ခံများအား သက်တမ်းအသစ်အတွက် ပြန်လည်ခန့်ထားခြင်းကိုလည်း ဝန်ထမ်း‌ရေးရာသဘာပတိဖြစ်သော အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူးက တင်ပြပြီးနောက်၊ ကန့်ကွက်ခြင်း မရှိဘဲ လက်ခံအတည်ပြုခဲ့ကြပါသည်။ ပြန်လည်ခန့်ထားသူများမှာ တွဲဖက်ဘဏ္ဍာထိန်း ဆရာ စောစိုင်းလတ် မဟူရာ၀ါး၊  စာပေနှင့် ပုံနှိပ်ထုတ်‌ဝေရေးဌာန တာဝန်ခံ ဆရာစောအယ်ဒီမူးနှင့် တွဲဖက် တာဝန်ခံ သိက္ခာတော်ရဆရာ ဗန်ဘွဲလျန်၊ အမျိုးသားဌာန တွဲဖက်တာ၀န်ခံ သိက္ခာတော်ရဆရာ လွင်နိုင်ဦး၊ ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန တာ၀န်ခံ သိက္ခာတော်ရ ဒေါက်တာ မန်ခန့်ဆုမ်းနှင့် တွဲဖက် တာ၀န်ခံ ဆရာဇီးမွန်တို့ ဖြစ်ကြပါသည်။ လူ/ဒေ အဖွဲ့ချုပ်များသို့ အသင်းချုပ် ကိုယ်စားလှယ်များ စေလွှတ်ပေးနိုင်ရေးအတွက် မေးမြန်းရာ၊ ကရင်နှစ်ခြင်းအဖွဲ့ချုပ်မှ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူးကို ဖိတ်ကြားကြောင်းနှင့် အခြားအဖွဲ့ချုပ်များကမူ နောက်တစ်ကြိမ် အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ခေါ်ဖိတ်မည်ဖြစ်ကြောင်း တုံ့ပြန်ကြပါသည်။ အထွေထွေ ကိစ္စများအနေဖြင့်  ၀န်ထမ်းအိမ်ရာနှင့် ငလျင်ဘေးဒဏ်အတွက် အလှူရှင်များကို ဖော်ပြမှတ်တမ်းတင်ကြပါသည်။ အသင်းချုပ် ဦးဆောင်သူများနှင့် ဌာန တာ၀န်ခံများအတွက်လည်း သင်တန်းစီစဥ်ထားကြောင်း သိရပါသည်။ နောက်တစ်ကြိမ် (၁၉၀)ကြိမ်မြောက် နှစ်ခြင်း အသင်းချုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁-၁၄)ရက်များတွင် အသင်းချုပ် ကူရှင်ခန်းမ၌ လူတွေ့ ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာလျက်၊ လားဟူ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ လာဇရု ဆုတောင်းဆက်ကပ်ခြင်းဖြင့် အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 1
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 2
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 3
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 4
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 5
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 6
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 7
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 8
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 9
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 10
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 11
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 12
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 13
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 14
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 15
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 16
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 17
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 18
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 19
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 20
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 21
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 22
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 23
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 24
Click to view
(၁၈၉) ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်း‌အဝေး - Image 25
Click to view