Nutrition Awareness for Ministers' Couples

July 21, 2025

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် ဓမ္မအမှုတော်ဆောင်များဌာနမှ ဦးဆောင်၍ World Vision Myanmar မှ ပံ့ပိုးကူညီသော “ဓမ္မအမှုတော်ဆောင်များ ဇနီးမောင်နှံအတွက် ကလေးများဆိုင်ရာ အာဟာရ အသိ ပညာ (Nutrition Awareness for Ministers’ Couple) အမြင်ဖွင့် သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ အင်္ဂါနေ့တွင် နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမ၌ပြုလုပ်ရာ ရန်ကုန်မြို့ပေါ်အသင်းတော်များမှ ဓမ္မအမှုတော်ဆောင် ဇနီး မောင်နှံများ နှင့် ဓမ္မအမှုတော်ဆောင်များ (၁၀၀)ဦးခန့် တက်ရောက်ပါဝင်ခဲ့ကြပါသည်။
နံနက်ပိုင်း အစီအစဥ်ကို နံနက် (၈း၃၀)နာရီအချိန်တွင် ၀တ်ပြု ကိုးကွယ်ခြင်းဖြင့် အစပြုခဲ့ကြပြီး၊ သဘာပတိအဖြစ် တွဲဖက် ဌာန တာ၀န်ခံ Rev. ဗန်ဒေါ့လျန်၊ နှုတ်ခွန်းဆက် စကား ပြောကြားခြင်းကို အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ ဆက်ကပ် ဆုတောင်းခြင်းကို ဌာနတာ၀န်ခံ Rev. Dr. စောအယ် သော နှင့် မိတ်ဆက်ခြင်းကို World Vision Myanmar မှ ဆရာ ဆလိုင်း အောင်ဇင်ကျော် (ဆရာဘိုဘို) က ဦးဆောင်ပြီး၊ ဌာနသဘာပတိ Rev. မိုက်ဇုံကျဲအို ကောင်းချီးပေးခဲ့ပါသည်။ အာဟာရ၏ အရေးကြီးပုံ၊ အင်အား ဖြစ်စေသော အစားအစာ၊ နေ့စဥ် အာဟာရ လိုအပ်ချက်၊ လက်တွေ့ အသုံးချနည်း၊ ကလေးများ ကြီးထွားရေး အတွက် စားသင့်သော အစားအစာ များ၊ သန့်စင်သော ရေအကြောင်း၊ ရေသန့်စင်ခြင်းအကြောင်းများကို World Vision Myanmar မှ Dr. Morgan Soe Win (Health technical Advisor)၊ Daw Wint Thu Thu Aung (WASH Coordinator)၊ U Kyaw San (Project Manager, P&G) တို့က ပို့ချ‌ဝေငှခဲ့ကြပြီး၊ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကာ၊ နေ့လည်စာ အတူတကွ သုံးဆောင်လျက်၊ ခေတ္တခဏ အနားယူခဲ့ပါသည်။
နေ့လည်ပိုင်း အစီအစဥ်ကို မွန်းလွဲ(၁:၀၀)နာရီတွင် အာဟာရအကြောင်း စကားဝိုင်းဖြင့် ပြန်လည် အစပြု ခဲ့ပြီး၊ World Vision Myanmar မှ ဆရာမနော်ဖီးဘီ (Director, Advocacy and Communications) က ဦးဆောင်လျက်၊ ကလေးများအတွက် အာဟာရအရေးကြီးပုံ၊ သမ္မာကျမ်းမှ ‌ဖော်ပြ ချက်များ၊ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အကြောင်းများကို နှစ်ခြင်းအသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ Dr. Edward Zan (Senior Director of Operations and Response) နှင့် Saya Luke Win (Founder of Hay Ra Mone Urban organic farm) တို့က ဝိုင်း၀န်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ Rev. မိုက်ဇုံကျဲအိုက ဓမ္မအမှုတော်ဆောင် ဇနီးမောင်နှံများအတွက် “ခရစ်ယာန် အိမ်ထောင် များအနေဖြင့် ပျော်ရွှင် တည်မြဲသော အိမ်ထောင်ဖြစ်ရန် ထိန်းသိမ်း တည်ဆောက်ခြင်း” ခေါင်းစဥ်ဖြင့် မိသားစုကို ဖျက်ဆီးသော အကြောင်း အရာများ၊ အိမ်တိုင်(၇)တိုင်၊ လင်ယောက်ျားများ၏ အရည်အချင်း၊ အိမ်ထောင်ရှင်မ၏ အရည်အချင်း၊ မိသားစုကို ပျော်ရွှင်စေသော အချက်များ၊ ကောင်းသော သိုးထိန်း စသော အကြောင်းအရာများနှင့် ဆွေးနွေးရန် အချက်များတို့ဖြင့် ‌ဝေငှခဲ့ပါသည်။
ထို့နောက် ဆက်ကပ် ဝတ်ပြုခြင်း အစီအစဥ်ကို Rev. ဗန်ဒေါ့လျန်၊ Rev. Dr. စောအယ်သောတို့ ဦးဆောင်၍ Rev. ဦးခင်မောင်လွင်မှကောင်းချီး ပေးပြီး၊ တက်ရောက် ပါဝင်သော အမှုတော်ဆောင် ဇနီးမောင်နှံများ အတူတကွ ဓာတ်ပုံရိုက်ကြခြင်းဖြင့်၊ အဆာပြေ မုန့်နှင့် ကော်ဖီစားသုံးကြလျက် အစီအစဥ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြပါသည်။